Odessa ဆိပ်ကမ်းရှိ အမေရိကန်လက်နက်သိုလှောင်ထားသည့် ဂိုဒေါင်တစ်ခုကို ရုရှားတပ်ဖွဲ့က ဖျက်ဆီးခဲ့

(GMT+08:00)2022-07-25 18:56:51  

ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ရာတွင် ရုရှားစစ်တပ်သည် Odessa ဆိပ်ကမ်းရှိ ယူကရိန်းသင်္ဘောတစ်စင်းနှင့် ဂိုဒေါင်တစ်လုံးတို့ကို ဖျက်ဆီးပစ်ခဲ့ကြောင်း၊ ယင်းဂိုဒေါင်တွင် အမေရိကန်မှ ပံ့ပိုးပေးသည့် "Harpoon" သင်္ဘောဖျက်ဒုံးကျည်များကို ထားရှိကြောင်း၊ ယခုအကြိမ် တိုက်ခိုက်မှုတွင် ယူကရိန်းရေတပ်သင်္ဘောများအတွက် ပြုပြင်ထိန်းသိမ်းရေးနှင့် ခေတ်မီထုတ်လုပ်ရေး စက်ရုံများကိုလည်း ဖျက်ဆီးပစ်ခဲ့ကြောင်း ဖော်ပြပါသည်။