တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံး နိုင်ငံများ၌ တစ်နိုင်ငံ အပါအဝင် ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်း ယူဆကြ

(GMT+08:00)2022-07-25 18:52:32  

ယခုလ ၂၅ ရက်နေ့ နံနက်ပိုင်းက တရုတ်ပြန်ကြားရေးဝန်ကြီးဌာနသည် “တရုတ်ပြည်၏ ဤဆယ်နှစ်” ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ တရုတ်အများပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ခံ စွန်မော့လိသည် အများပြည်သူ့ လုံခြုံရေးဌာနများမှ အဆင့် ပိုမိုမြင့်မားသည့် လုံခြုံသော တရုတ်ပြည် တည်ဆောက်မှု တွန်းအားပေးရေးဆိုင်ရာ အောင်မြင်မှုများကို မိတ်ဆက်ပေးခဲ့သည်။

၎င်းက ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် လူမိုက်လူဆိုးဂိုဏ်းအဖွဲ့ ၁သောင်း၆ထောင်၆ရာကို တိုက်ဖျက် သုတ်သင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အမှုဖွင့်နှုန်းသည် ၂၀၁၂ ခုနှစ်ကထက် ၆၄့၎ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း၊ လူသေကျေစေသည့် အမှုများကို စုံစမ်းဖော်ထုတ်မှုနှုန်းမှာ ၉၉ရာခိုင်နှုန်း ရှိကြောင်း၊ ကြာရှည်သော ကာလအတွင်း တရုတ်ပြည်သည် တစ်ကမ္ဘာလုံး၌ လူသေကျေစေသည့် အမှု ဖြစ်ပွားမှုနှုန်း အနိမ့်ဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ကြောင်း၊ တရုတ်ပြည်သူလူထု၏ လုံခြုံစိတ်ချမှုကို ခံစားမှုနှုန်းမှာ ၂၀၁၂ ခုနှစ်တွင် ၈၇့၅၅ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၉၈့၆၂ရာခိုင်နှုန်း အထိ တိုးမြင့်လာကြောင်း၊ တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံး နိုင်ငံများ၌ တစ်နိုင်ငံ အပါအဝင် ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ကျယ်ပြန့်စွာ ယူဆကြကြောင်း ပြောကြားသည်။