တရုတ်နိုင်ငံ၏ အနက်ဆုံး မြေအောက်မြန်နှုန်းမြင့်ရထားဘူတာရုံတွင် အဲလ်ကွန်းပင် ဖွင့်စရာမလို

(GMT+08:00)2022-07-25 18:44:32  

တရုတ်နိုင်ငံ၏ အနက်ဆုံး  မြန်နှုန်းမြင့်ရထား မြေအောက်ဘူတာဖြစ်သည့် ပါးတာလင် မဟာတံတိုင်းကြီးဘူတာရုံသည် ပေကျင်းရှိ ပါးတာလင်မဟာတံတိုင်းကြီး၏ ခြေရင်းတွင်တည်ရှိပြီး မြေပေါ် ဘူတာရုံအဆောက်အအုံကို တောင်ပေါ်တွင် တည်ဆောက်ထားပြီး မြေအောက်ဘူတာရုံအဆောက်အအုံကို တောင်ခြေရင်းရှိ ပါတာလင်ဥမင်လိုဏ်ခေါင်းအသစ်တွင် တည်ရှိကာ အနက်ဆုံးနေရာသည် ၁၀၂ မီတာဖြစ်သည်။ ပလက်ဖောင်းသည် အနက်မီတာ ၁၀၀ ရှိသော လိုဏ်ခေါင်းတွင်တည်ရှိပြီး လေဝင်လေထွက် ကိရိယာအပြည့်အစုံ တပ်ဆင်ထားကာ လေဝင်လေထွက် အားကောင်းပါသည်။ ထို့အပြင် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမရှိသည့်အတွက် အဲလ်ကွန်းမရှိသော်လည်း အလွန်အေးမြပါသည်။ အခန်းအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ထက် နည်းသည်။