အမေရိကန်တွင် ယခုနှစ်အတွင်း သေနတ်နှင့်ပတ်သက်သည့်ဖြစ်ရပ်များတွင် လူ နှစ်သောင်းခွဲနီးပါး သေဆုံး

(GMT+08:00)2022-07-25 18:41:23  

အမေရိကန် သေနတ်အကြမ်းဖက်မှုစာရင်းဝက်ဘ်ဆိုက်မှ အချက်အလက်များအရ ဒေသစံတော်ချိန် ယခုလ ၂၄ ရက်နေ့ ညနေ သုံးနာရီအထိ အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း သေနတ်နှင့်ပတ်သက်သည့် ဖြစ်ရပ်များတွင် လူပေါင်း ၂၄၉၁၉ ဦး သေဆုံးခဲ့ပြီး ၂၁၈၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေနတ်သမားမှလွဲ၍ လေးဦးထက်မနည်း သေဆုံးမှုနှင့်ဒဏ်ရာရရှိမှု ဖြစ်ပွါးခဲ့သောပစ်ခတ်မှု ၃၆၇ မှုရှိကြောင်း သိရပါသည်။