Wentian-စမ်းသပ်ရေး မော်ဂျူးနှင့် Tianhe-အဓိကမော်ဂျူးသည် ချိတ်ဆက်မှုကို ဆောင်ရွက်ပြီးစီး

(GMT+08:00)2022-07-25 15:12:46  

တရုတ် လူပါအာကာသလုပ်ငန်းရုံးမှ သတင်းအရ Wentian-စမ်းသပ်ရေး မော်ဂျူးသည် သတ်မှတ် ထားသည့် ပတ်လမ်းကြောင်းသို့ ဝင်ရောက်ပြီး ပီကင်း စံတော်ချိန် ယခုလ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၁၃ မိနစ်အချိန်တွင် Tianhe-အဓိကမော်ဂျူးနှင့် အောင်မြင်စွာ ချိတ်ဆက်ခဲ့ကြောင်း၊ ချိတ်ဆက်မှု အစီအစဉ် တစ်ခုလုံးသည် ၁၃ နာရီခန့်ကြာ ရှိကြောင်း သိရသည်။

ယင်းသည် တရုတ်ပြည်၏ တန်ချိန် ၂၀ ရှိသည့် အာကာယာဉ် ၂ခုက ကမ္ဘာပတ်လမ်းကြောင်းတွင် ချိတ်ဆက်မှုကို ပထမဆုံးအကြိမ် အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်သလို အာကာသစခန်းအတွင်း အာကာသယာဉ်မှူးများ ရှိနေသည့် အခြေအနေမျိုးတွင် ပထမဆုံး အကြိမ် ချိတ်ဆက်မှုလည်း ဖြစ်သည်။

သက်ဆိုင်ရာ အစီအစဉ်အရ ရှင်ကျိုး-အမှတ် ၁၄ မှ အာကာသယာဉ်မှူးများသည် Wentian-စမ်းသပ်ရေး မော်ဂျူးသို့ ဝင်ရောက်မည် ဖြစ်သည်။