ပထမဆုံး “ပင်လယ်ဖြတ်ကျော်သော မြန်နှုန်းမြင့်ရထားလမ်း” စတင်လည်ပတ်တော့မည်

(GMT+08:00)2022-07-25 15:27:19  

၂၃ ရက်နေ့ ညနေပိုင်းက တရုတ်ပြည် ပထမဆုံး ပင်လယ်ဖြတ်ကျော်သော မြန်နှုန်းမြင့် ရထားလမ်းဖြစ်သည့် ဖူကျိုးမှ ရှပ်မင်အထိ မြန်နှုန်းမြင့်ရထားလိုင်း တစ်လျှောက်ရှိ ပင်မ တံတားများလုပ်ငန်းကို တည်ဆောက်ပြီးစီးခဲ့ပါသည်။ ဖူကျိုး-ရှပ်မင် မြန်နှုန်းမြင့် ရထားလမ်း သည် (၂၇၇.၄၂)ကီလိုမီတာ ရှည်လျားပြီး တစ်နာရီလျှင် ကီလိုမီတာ (၃၅၀) မောင်းနှင် နိုင်ကြောင်း၊ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် စတင်လည်ပတ်မည်ဟု ခန့်မှန်းပါသည်။ တည်ဆောက်ပြီးစီးမှု လည်ပတ်ပြီးနောက် ဖူကျိုးနှင့်ရှပ်မင် မြို့(၂)မြို့တို့သည် “(၁)နာရီ နေထိုင်မှုဘဝပတ်ဝန်းကျင်”ကို အကောင်အထည်ဖော်မည်ဖြစ်ပါသည်။