ရှင်ကျိုး-၁၄ အာကာသယာဉ်မှူးများသည် ဝင့်ထျန်းအာကာသစမ်းသပ်ယာဉ်သို့ ဝင်ရောက်

(GMT+08:00)2022-07-25 18:45:52  

တရုတ်လူပါ အာကာသလုပ်ငန်းရုံးမှ သတင်းအရ ရှင်ကျိုး-၁၄ အာကာသယာဉ်မှူး များအဖွဲ့သည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃ မိနစ်တွင် ဝင့်ထျန်း အာကာသစမ်းသပ်ယာဉ်၏ တံခါးကိုဖွင့်လှစ်ပြီး ယင်းစမ်းသပ်ယာဉ်ထဲသို့ ချောမောစွာ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းသည် တရုတ်အာကာသယာဉ်မှူးများက ပထမဆုံးအကြိမ် ကမ္ဘာပတ်လမ်းကြောင်းတွင် သိပံ္ပပညာအာကာသစမ်းသပ်ယာဉ်ထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။