မန္တလေးမှ အဆောက်အဦတစ်ခု ပြိုကျခြင်းကြောင့် လူ ၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိ

(GMT+08:00)2022-07-25 18:48:27  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၃ မိနစ်ခန့်က မန္တလေးမြို့မှ ဆောက်လုပ်ဆဲဖြစ်သော အဆောက်အဦတစ်ခု ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးသမား များသည် အခင်းဖြစ်ပွားရာနေရာသို့ အမြန်သွားရောက် ရှာဖွေ ကယ်ဆယ်ခဲ့ကြသည်။

ယခုအချိန်အထိ ယင်းပြိုကျမှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း၊ အဆောက်အဦ ပြိုကျသောအကြောင်းရင်းကို သက်ဆိုင်ရာအစိုးရဌာနက စုံစမ်းစစ်ဆေးနေကြောင်း သတင်းအရ သိရပါသည်။