ယူကရိန်းတပ်သားများအား ဗြိတိန် လေ့ကျင့်ပေး

(GMT+08:00)2022-07-25 15:34:10  

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က လက်ရှိအချိန်တွင် ယူကရိန်းတပ်သား စုစုပေါင်း ၄၀၀ ကို ဗြိတိန်နိုင်ငံ၌ လေ့ကျင့်ပေးနေကြောင်း၊ လာမည့် ၄ လ အတွင်းတွင် လေ့ကျင့်ထားသော ယူကရိန်းတပ်သားဦးရေ ၁ သောင်းအထိ တိုးလာမည်ဖြစ်ကြောင်း၊ ထို့အပြင် ဗြိတိန်နိုင်ငံသည် ယူကရိန်းနိုင်ငံထံသို့ တင့်ကားဖျက်လက်နက် ၆၉၀၀ ခု၊ သံချပ်ကာကားအစီး ၁၂၀ ကို ထောက်ပံ့ပေးမည်ဖြစ်ပြီး အမေရိကန်စသည့် အနောက်တိုင်း နိုင်ငံများနှင့်အတူ ယူကရိန်းနိုင်ငံထံသို့ ဒုံးကျည်အမြောက်စနစ်ကိုလည်း ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် ဇူလိုင်လ ၂၃ ရက်နေ့က အတည်ပြု ပြောကြား ခဲ့ပါသည်။

ယခုနှစ် ဖေဖော်ဝါရီလမှစ၍ အမေရိကန်၊ ဗြိတိန်စသည့် အနောက်တိုင်း နိုင်ငံများသည် ယူကရိန်းနိုင်ငံထံသို့ စစ်လက်နက်ကိရိယာများစွာကို ထောက်ပံ့ ပေးသည့် အပြင် ယူကရိန်းအတွက် စစ်ဝန်ထမ်းများကိုလည်း လေ့ကျင့်ပေးခဲ့ကြပါသည်။ ရုရှား ဘက်က အမေရိကန်နိုင်ငံဦးဆောင်သောနေတိုးအဖွဲ့သည် စင်စစ်အားဖြင့် ၄င်း၏“ကိုယ်စားလှယ်”ဖြင့် ရုရှားနိုင်ငံနှင့် စစ်ပွဲဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံဖြင့် ရုရှားနိုင်ငံ၏ အင်အားကိုလျော့စေပြီး ရုရှားနိုင်ငံအား အလျှော့ပေးစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားခဲ့ပါသည်။