ဂျပန် Sakurajima တွင် မီးတောင်ပေါက်ကွဲ

(GMT+08:00)2022-07-25 15:42:31  

ဂျပန်မိုးလေဝသအေဂျင်စီမှ အချက်အလက်အရ ဂျပန်ဒေသစံတော်ချိန် ယခုလ ၂၄ ရက်နေ့ ည ၈ နာရီ ၅ မိနစ်က Kyushu ကာဂိုရှီးမားစီရင်စုရှိ Sakurajima တွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဒေသခံဘေးအန္တရာယ်ကာကွယ်ရေးဌာနသည် ယင်းမီးတောင်ပေါက်ကွဲမှုကို ကင်းချထားခြင်းအဆင့် အမြင့်ဆုံး အဆင့် ၅ အဖြစ်သတ်မှတ်၍ အနီးရှိနေထိုင်သူများ မြန်နိုင်သလောက် ရွှေ့ပြောင်းရန် လိုကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူ၊ ဒဏ်ရာရရှိသူဦးရေနှင့် ပစ္စည်းဆုံးရှုံးခြင်း အခြေအနေ အစီရင်ခံစာ မရှိသေးကြောင်း၊ Sakurajima အနီးရှိ Sendai နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံတွင်လည်း မူမမှန်ဖြစ်စဉ်မတွေ့ရသေးကြောင်းဖော်ပြသည်ဟု သတင်းအရ သိရပါသည်။