ဝင့်ထျန်း အာကာသ စမ်းသပ်ယာဉ်ကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-07-24 16:24:22  

 တရုတ် လူပါအာကာသလုပ်ငန်းရုံးမှ သတင်းအရ ဝင့်ထျန်း အာကာသ စမ်းသပ်ယာဉ် ကို ပီကင်းစံတော်ချိန် ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၂ နာရီ ၂၂ မိနစ်တွင် ဝင်ချမ်း အာကာသ လွှတ်တင်ရေးစခန်း၌ လောင်းမတ်ခ်ျ-5 B yao-3 သယ်ဆောင်ဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး ၄၉၅ စက္ကန့် ပြီးနောက် ဝင့်ထျန်း အာကာသ စမ်းသပ်ယာဉ်သည် သတ်မှတ် ကမ္ဘာပတ် လမ်းကြောင်းသို့ ဝင်ရောက်ကာ လွှတ်တင်မှု လုပ်ငန်းတာဝန် အောင်မြင်ခဲ့ကြောင်း China Media Group မှ သတင်းတွင် ဖေါ်ပြပါသည်။

   ဆက်လက်ပြီး ဝင့်ထျန်း အာကာသ စမ်းသပ်ယာဉ်သည် သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ပင်မ အာကာသယာဉ်နှင့် ချိတ်ဆက်မှု ပြုလုပ်မည် ဖြစ်ပြီး ရှင်ကျိုး-၁၄ အာကာသယာဉ်မှူးများအဖွဲ့သည် ဝင့်ထျန်း အာကာသ စမ်းသပ်ခန်းသို့ ဝင်ရောက်၍ အလုပ်များ လုပ်ဆောင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။