သမ္မတဂျိုကိုသည် တရုတ်ပြည်သို့ ခရီးလှည့်လည်မည်

(GMT+08:00)2022-07-24 11:26:39  

အင်ဒိုနီးရှားသမ္မတဂျိုကိုသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ၎င်း၏သမ္မတခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ပဉ္စမအကြိမ် အလည်အပတ်ခရီး စတင်မည်ဖြစ်သည်။

သူသည် လက်တွေ့ကျပြီး လူအများနှင့်ရင်းနှီးသည့်ပုံစံကြောင့် လူသိများသော အင်ဒိုနီးရှား သမ္မတဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် တာဝန်ထမ်းဆောင်ကတည်းက အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံ အဆောက်အအုံတည်ဆောက်မှု အဆင့်မြှင့်တင်ရေးကို အားတက်သရော မြှင့်တင်ခဲ့ပြီး အင်ဒိုနီးရှား၏ "MaritimeAxis" မဟာဗျူဟာနှင့် တရုတ်နိုင်ငံ၏ "Belt& Road" ကမ်းလှမ်းချက်အကြား မဟာဗျူဟာမြောက် ချိတ်ဆက်မှုကို တက်ကြွစွာ မြှင့်တင်ခဲ့သည်။ ၎င်း၏ ပြတ်သားသော အုပ်ချုပ်မှုစွမ်းအားနှင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်ရန် ခိုင်မာသော ရပ်တည်ချက်အတွက် ကျယ်ပြန့်သော လေးစားမှုများ ရရှိခဲ့သည်။