နိုင်ငံများစွာတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုသည် နိုင်ငံတကာ အာရုံစိုက်ကြသော အများပြည်သူ့ကျန်းမာရေးအရေးပေါ်ကိစ္စဖြစ်လာဟု WHO ကြေညာ

(GMT+08:00)2022-07-24 11:23:45  

မျက်မှောက်အချိန်တွင် နိုင်ငံနှင့် ဒေသ ၇၅ ခု၌ ပျံ့နှံ့နေသော မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် နိုင်ငံတကာ အာရုံစိုက်ကြသော အများပြည်သူ့ကျန်းမာရေးအရေးပေါ်ကိစ္စ ဖြစ်လာနေပြီဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် တက်တ်ရို့စ်က ကြေညာခဲ့သည်။ ယင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆင့်အမြင့်ဆုံး အများပြည်သူ့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်ဖြစ်သည်။

မျောက်ကျောက်ရောဂါဖြစ်ပွားမှုသည် နိုင်ငံတကာအာရုံစိုက်ကြသော အများပြည်သူ့ ကျန်းမာရေးအရေးပေါ်ကိစ္စဖြစ်လာပေမဲ့ မှန်ကန်သောလူစုများတွင် မှန်ကန်သော ပေါ်လစီများကျင့်သုံးခြင်းဖြင့် ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်ကြောင်းလည်း တက်တ်ရို့စ်က  ပြောကြားသည်။