မိမိတို့၏ အာကာသလုပ်ငန်းသည် ပျိုရွယ်နေတုန်းဟု ဝင့်ထျန်း အာကာသ စမ်းသပ်ယာဉ် လွှတ်တင်ရေး အမှတ်-၁ ဦးစီးကွပ်ကဲသူ ဆို

(GMT+08:00)2022-07-24 10:04:59  

 ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝင်ချမ်း အာကာသလွှတ်တင်ရေးစခန်းသည် ဒုံးပျံသို့ ရေနံဆီ ထည့်သွင်းခြင်းကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး ၂၄ ရက်နေ့တွင် ဟိုက်ဒရိုဂျင်ရည်နှင့် အောက်ဆီဂျင်ရည်ကို ထည့်သွင်းမည် ဖြစ်ကာ ဝင့်ထျန်း အာကာသ စမ်းသပ်ယာဉ်ကို လွှတ်တင်တော့မည် ဖြစ်သည်။

ဝင့်ထျန်း အာကာသ စမ်းသပ်ယာဉ် လွှတ်တင်ရေး အမှတ်-၁ ဦးစီးကွပ်ကဲသူ လျော်ကိုရွေသည် ၁၉၈၅ ခုနှစ်တွင် မွေးဖွားခဲ့သော လူငယ်တစ်ဦး ဖြစ်ပြီး မိမိတို့၏ အာကာသလုပ်ငန်းသည် ပျိုရွယ်နေတုန်းဟု China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။