တရုတ်-လာအို “ငြိမ်းချမ်းရေးရထား-၂၀၂၂” ဆေးဝါးကုသရေးအဖွဲ့သည် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လေ့ကျင့်မှုကို ပူးတွဲ ပြုလုပ်

(GMT+08:00)2022-07-24 10:03:45  

တရုတ်-လာအို “ငြိမ်းချမ်းရေးရထား-၂၀၂၂” ဆေးဝါးကုသရေးအဖွဲ့သည် ဇူလိုင်လ ၂၃ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်း ပြည်နယ်၌ ပထမဆုံးအကြိမ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုတင်လေ့ကျင့်မှုကို ပြုလုပ်ခဲ့ရာ တရုတ် တပ်မတော်မှ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့၏ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေး လေ့ကျင့်မှုကိုလည်း တစ်ချိန်တည်း ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုအကြိမ် လေ့ကျင့်မှုတွင် တရုတ် တပ်မတော်မှ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အဖွဲ့သည် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး၊ nucleic acid တိုင်းတာ စစ်ဆေးရေး၊ ရောဂါ ကူးစက်မှု၏ အရင်းအမြစ်ကို စုံစမ်းရှာဖွေရေး စသည့် လုပ်ငန်း တာဝန်များကို ထမ်းဆောင်ကြောင်း သတင်းရရှိပါသည်။