ကန် အလားဘားမားပြည်နယ်မှ စက်ရုံတစ်ရုံတွင် ဒါဇင်နှင့်ချီသော ကလေးလုပ်သားများရှိ

(GMT+08:00)2022-07-24 11:24:46  

လူ့အခွင့်အရေးပြဿနာ၊ အတင်းအကျပ် အလုပ်လုပ်ခိုင်းခြင်းစသည်တို့ဖြင့် အခြား နိုင်ငံများကို ဖိနှိပ်လေ့ရှိသည့် အမေရိကန်နိုင်ငံကိုယ်တိုင်တွင်မူ ကလေးအလုပ်သမား အသုံးပြုခြင်းပြဿနာများ ခဏခဏပေါ်ပေါက်လာသည်။ အမေရိကန်နိုင်ငံ အလားဘားမား ပြည်နယ်ရှိ စက်ရုံတစ်ရုံ၌ ဒါဇင်နှင့်ချီသော ကလေးအလုပ်သမားများရှိကြောင်း ယခုလ ၂၂ ရက်နေ့က နိုင်ငံခြားမီဒီယာများက သတင်းရေးသားသည်။

ယင်းစက်ရုံသည် တောင်ကိုရီးယား နိုင်ငံမှ Hyundai ကားအတွက် အစိတ်အပိုင်းများ ပံ့ပိုးပေးသည်။ ယခုနှစ် ဖေဖော်ဝါရီလပိုင်းက ဂွာတီမာလာနိုင်ငံမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးသွားသည်။ သူမနှင့်အတူ သူမ၏ အကို အသက် ၁၂နှစ်အရွယ်၊ ၁၅ နှစ်အရွယ်တို့ ၃ ယောက်စလုံး ထိုစက်ရုံ၌ အလုပ်လုပ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုအရ ထိုမိန်းကလေးသည် အခြားအလုပ်အကိုင်ရှာဖို့အတွက် သူမ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့်အတူ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ထိုစက်ရုံမှ ဝန်ထမ်းဟောင်းတစ်ယောက်က သူမ စက်ရုံမှ မထွက်ခွာမီ နှစ်များအတွင်း အရွယ်မရောက်သူ အယောက်ပေါင်းဆယ်ကျော်နှင့် အလှည့်ကျ အလုပ်လုပ်ကြောင်း မီဒီယာများအား ပြောကြားသည်။ အခြားသတင်း source အရ ထိုစက်ရုံ၌ ဒါဇင်နှင့်ချီသော ကလေးအလုပ်သမားများရှိပြီး အငယ်ဆုံးတစ်ယောက်မှာ အသက် ၁၂ နှစ်အရွယ်သာ ရှိကြောင်း သိရပါသည်။

မီဒီယာ၏ အာရုံစိုက်မှုနှင့် ရဲဘက်၏ စုံစမ်းစစ်ဆေးမှု တိုးတက်လာသဖြင့် ယင်းစက်ရုံသည် ကလေးအလုပ်သမားများအားလုံးကို အလုပ်ဖြုတ်နေပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။