ဟွာခွင်မင်သည် ပဉ္စမ အကြိမ်မြောက် ဒစ်ဂျစ်တယ်တရုတ်ပြည် တည်ဆောက်ရေး ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ အခမ်းအနား တက်ရောက်

(GMT+08:00)2022-07-23 18:20:51  

 ပဉ္စမအကြိမ်မြောက် ဒစ်ဂျစ်တယ်တရုတ်ပြည်တည်ဆောက်ရေး ထိပ်သီးအစည်းအဝေး ကို ဇူလိုင်လ ၂၃ ရက်နေ့က တရုတ်ပြည် ဖူကျိုးမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြန်ကြားရေး ဝန်ကြီး ဟွမ်ခွင်မင်သည် ဗီဒီယို အသွင်ပုံစံဖြင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ဟွမ်ခွင်မင်က ဒစ်ဂျစ်တယ်တရုတ်ပြည် တည်ဆောက်ရေးလုပ်ငန်းကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်ဖြစ်ရေး ဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းတွင် အခွင့်အလမ်းသစ်များကို ဆုပ်ကိုင်၍ စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ဖြေရှင်းကာ အားသာချက် အသစ်များကို ဖန်တီးပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် ဆန်းသစ်တီထွင်ရေးဖြင့် ပြုပြင် ပြောင်းလဲရေးသစ်ကို တိုးမြှင့်ပြီး ဒစ်ဂျစ်တယ် ဖြစ်ရေးဖြင့် အခြေအနေသစ်ကို ဦးစီးခြင်း ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။