အီဂျစ် အမျိုးသားနေ့ နှစ် ၇၀ ပြည့်မြောက်နေ့တွင် ရှီကျင့်ဖိန်သည် အီဂျစ် သမ္မတအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-07-23 18:19:53  

 ဇူလိုင်လ ၂၃ ရက်နေ့သည် အီဂျစ် အမျိုးသားနေ့ နှစ် ၇၀ ပြည့်မြောက်နေ့ ဖြစ်သည်။ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အီဂျစ် သမ္မတ စိုင်စီအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

   ရှီကျင့်ဖိန်က မိမိသည် တရုတ်-အီဂျစ် ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊ ခေတ်သစ် တရုတ်-အီဂျစ် ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရေး ရည်မှန်းချက် ဖေါ်ဆောင်ရန်အတွက် ပြတ်ပြတ်သားသား ချီတက်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးပြုရန် သမ္မတ စိုင်စီနှင့် လက်တွဲ ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။