ရုရှားနှင့် စေ့စပ်ညှိနှိုင်းမှု လက်ရှိတွင် ပြန်စရန်အကြောင်းမရှိဟု ယူကရိန်းသမ္မတရုံး၏ အကြံပေး ဆို

(GMT+08:00)2022-07-23 15:56:24  

ယူကရိန်းသမ္မတရုံး၏အကြံပေး Podolyak က ရုရှားနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည် စတင်ရန်အကြောင်းမရှိဟု ယူကရိန်းနိုင်ငံတော်ပိုင်သတင်းဌာနက ဒေသစံတော်ချိန် ၂၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။ စစ်ပွဲသည် ယူကရိန်း၏နယ်မြေတည်တံ့ပြည့်စုံမှုဖြင့် အဆုံးသတ်ရမည်ဟု Podolyak က အလေးပေး ပြောကြားခဲ့သည်။