သိပ္ပံလေ့လာရေးအဖွဲ့သည် ယန်စီမြစ်၏ အရင်းအမြစ် ပင်လယ်ပြင်အထက် ၅၄၀၀ မီတာရှိနေရာတွင် ပွင့်နေသော ပန်းများကို တွေ့ရှိ

(GMT+08:00)2022-07-23 15:54:53  

ယခုရက်များတွင် တရုတ်နိုင်ငံ ဘူမိသိပ္ပံပညာတက္ကသိုလ် (ဝူဟန့်) သည် ယန်စီမြစ်၏ အရင်းအမြစ်သို့ သိပ္ပံစူးစမ်းလေ့လာရေးခရီးအဖြစ် ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ သိပ္ပံ လေ့လာရေး အဖွဲ့သည် ကန်ကြားချွီးဘာ ရေခဲမြစ်ကို စူးစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ပင်လယ်ပြင်အထက် ၅၄၀၀ မီတာရှိသော ရေခဲမြစ်အောက်တွင် ပန်းများ များပြားစွာ ပွင့်နေသည်ကို ယင်းသိပ္ပံလေ့လာရေး ခရီးကို လိုက်သွားသည့် China Media Group မှ သတင်းထောက်က တွေ့ရှိခဲ့ပါသည်။