ကိုဗစ်ကာကွယ်ဆေးသည် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး၊ ပြင်းထန်သောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သေဆုံးမှု ကြိုတင်ကာကွယ်ရေးအတွက် အာနိသင် ထင်ရှား

(GMT+08:00)2022-07-23 18:21:43  

ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သော တရုတ်နိုင်ငံတော်ကောင်စီ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပူးတွဲ ထိန်းချုပ်ကာကွယ်ရေးစနစ်အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ်-၅ ဆေးပညာစင်တာ ကူးစက်ရောဂါ ဆေးပညာဌာန ဌာနမှူး ဝမ်ဖူရှင်က ကိုဗစ် ကာကွယ်ဆေးသည် ကိုဗစ်ရောဂါကြိုတင် ကာကွယ်ရေး၊ ပြင်းထန်သောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သေဆုံးမှု ကြိုတင် ကာကွယ်ရေးအတွက် အာနိသင် ထင်ရှားသည်ဟု ပြည်တွင်းပြည်ပမှ လေ့လာရေး သက်သေအထောက်အထား အမြောက်အမြားက ပြသထားကြောင်း၊ ကာကွယ်ဆေး ထိုးနှံမှု အားဖြည့်ခြင်းသည် ကာကွယ်ရေး အာနိသင်ကို တစ်ဆင့် တိုးမြှင့်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။