ယူကရိန်း၊ တူရကီနှင့် ကုလသမဂ္ဂတို့ စားနပ်ရိက္ခာ တင်ပို့ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

(GMT+08:00)2022-07-23 15:53:35  

“ယူကရိန်းဆိပ်ကမ်းများမှ စားနပ်ရိက္ခာနှင့် အစားအစာများ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ခြင်းဆိုင်ရာ အဆိုပြုချက်" ကို ယူကရိန်း၊ တူရကီနှင့် ကုလသမဂ္ဂတို့က အစ္စတန်ဘူးလ်မြို့တွင် ပဏာမ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ တူရကီ၊ ကုလသမဂ္ဂနှင့် ရုရှားတို့ကလည်း အလားတူအဆိုပြုချက်ကို ယနေ့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ ရုရှားနှင့် ယူကရိန်းတို့ကြား စားနပ်ရိက္ခာ သဘောတူညီချက်ကို တိုက်ရိုက် လက်မှတ် ရေးထိုးမည်မဟုတ်ကြောင်း ယူကရိန်းသမ္မတရုံး၏ အကြံပေး Podolyak က ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်း ရရှိပါသည်။