ပီကင်း၌ မောင်းသူမဲ့ ခရီးသည်တင်ကား စီးပွားဖြစ် ခရီးသွားလာရေး ဝန်ဆောင်မှု စမ်းသပ်ပြုလုပ်

(GMT+08:00)2022-07-22 16:41:12  

ဇူလိုင်လ ၂၀ ရက်နေ့က ပီကင်းမြို့၌ တရုတ်ပြည်မှ ပထမဆုံးအကြိမ်အဖြစ် စီးပွားဖြစ် မောင်းသူမဲ့ ခရီးသွားလာရေး ဝန်ဆောင်မှုကို စမ်းသပ်ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ဖြင့် တရုတ်ပြည်မှ မောင်းသူမဲ့ခရီးသွားလာရေးဝန်ဆောင်မှုသည် ခရီးသည်တင် သရုပ်ပြမှုမှနေ စီးပွားဖြစ် စမ်းသပ်မှုအထိ အဆင့်သစ်သို့ ရောက်ရှိလာကြောင်း သတင်းအရသိရပါသည်။

ယခုအကြိမ် စမ်းသပ်မှုသည် ပီကင်းမြို့ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်မှ စတုရန်းကီလိုမီတာ ၆၀ အကျယ်အဝန်းအတွင်းတွင် မောင်းသူမဲ့ယာဉ် ၃၀ ဖြင့် ပုံမှန် စီးပွားဖြစ် ဝန်ဆောင်မှု ပြုလုပ်မည်ဖြစ်သည်။ ယမန်နှစ် ဧပြီလက ပီကင်းမြို့မောင်းသူမဲ့ယာဉ်ရုံးသည် ခရီးသည်တင်ကားများအတွက် ပထမဆုံးအသုတ် လိုင်စင် ထုတ်ပေးပြီးနောက် သတ်မှတ်သည့် စမ်းသပ်မှုဇုန်အတွင်း မောင်းသူမဲ့ယာဉ်များသည် ကီလိုမီတာ ၃ သိန်းကျော် နှင့် အကြိမ်ပေါင်း ၄သိန်း ၃ သောင်းကျော် မောင်းနှင်နေပြီဖြစ်ကြောင်း သတင်းအရသိရပါသည်။