Pelosi မှ ထိုင်ဝမ်သို့ အလည်အပတ် သွားရောက်ဖွယ်ရာရှိခြင်းအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

(GMT+08:00)2022-07-22 16:37:58  

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosiသည် ထိုင်ဝမ်သို့ အလည်အပတ် သွားရောက်ဖွယ်ရာရှိခြင်းနှင့် စပ်လျဉ်း၍ အမေရိကန်အိမ်ဖြူတော် မှ သတင်းရေးရာ အတွင်းရေးမှူးက နောက်ဆုံး အတည်မပြုရသေးကြောင်း မကြာခင်က ဖော်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အကယ်၍ အမေရိကန်သည် ထင်သလို တစ်ဇွတ်ထိုး ဆက်လက် ဆောင်ရွက်သွားပါက တရုတ်ပြည်အနေနှင့် အားကောင်းတောင့်တင်းသော လုပ်ဆောင်ချက်များဖြင့် ပြတ်ပြတ်သားသား ရင်ဆိုင်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ယခုလ ၂၁ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။