အမေရိကန် ရွေးကောက်ပွဲတွင် တရုတ်စွက်ဖက်နေဟု ကန် အရာရှိ စွပ်စွဲ၊ ကိုယ့်အမြင်ဖြင့် သူများသဘောကို မသုံးသပ်သင့်ဟု တရုတ်က ကန်အား အကြံပေး

(GMT+08:00)2022-07-22 16:39:07  

အမေရိကန် ရွေးကောက်ပွဲတွင် တရုတ်မှ စွက်ဖက်နေသည်ဟု အမေရိကန်အရာရှိ၏ သက်ဆိုင်ရာ အပြောအဆိုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ချေပခဲ့ရာ၌ အမေရိကန်အနေနှင့် ကိုယ့်အမြင်ဖြင့် သူများသဘောကို သုံးသပ်ခြင်းနှင့် တရုတ်ပြည်အပေါ် အကြောင်းမဲ့သက်သက် အပြစ်တင်ခြင်း မပြုရန် ယခုလ ၂၁ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အကြံပေး ပြောဆိုခဲ့သည်ဟုChina Media Group မှသတင်းအရသိရသည်။

အမေရိကန်ရွေးကောက်ပွဲသည် တရုတ်၊ရုရှားနှင့်အီရန် စသည့် နိုင်ငံများမှ ဝင်ရောက် စွက်ဖက်မှု အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အဆင့်မြင့်အရာရှိမှ မကြာခင်က သတိပေးခဲ့သည်ဟု သတင်းအရသိရသည်။