ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှု ရုံးတင် စစ်ဆေး

(GMT+08:00)2022-07-22 16:45:11  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုနှင့် ပတ်သက်၍ နေပြည်တော်တွင် ထပ်မံ ရုံးတင် စစ်ဆေးခဲ့ပါသည်။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏ စီးပွားရေး အကြံပေးပုဂ္ဂိုလ်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ် အပါအ၀င် ပြည်ထောင်စု ဝန်ကြီးဟောင်း ၃ဦးသည် ယင်းအမှုကြောင့် စစ်ဆေးမေးမြန်းမှုခံနေရပါသည်။

ယင်းအမှုကို ယခင်စစ်ဆေးခဲ့သည့် ခရိုင်တရားသူကြီးသည် ခွင့်ယူထားသဖြင့် တရားသူကြီးအသစ်တစ်ဦးမှ အမှုအား လက်ခံစစ်ဆေးပါသည်။ ယင်းအမှုကို ဇူလိုင်လ ၂၈ရက်နေ့တွင် ထပ်မံ ရုံးတင်စစ်ဆေးမည်ဖြစ်ပါသည်။