Murmu သည် မဲ (၆၄)ရာခိုင်နှုန်း ရရှိပြီး အိန္ဒိယသမ္မတသစ်အဖြစ် တာဝန်ထမ်းဆောင်

(GMT+08:00)2022-07-22 16:45:44  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၁ ရက်နေ့က အိန္ဒိယဒီမိုကရေစီမဟာမိတ်ပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း Murmuသည် မဲ(၆၄)ရာခိုင်နှုန်း ရရှိပြီး ၁၅ ယောက်မြောက် အိန္ဒိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်လာခဲ့ကြောင်း၊ Murmuသည် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးသမ္မတဖြစ်ပြီး လူမျိုးစုဒေသမှ ပထမဆုံး သမ္မတလည်း ဖြစ်ကြောင်း၊ အစီအစဉ်အရ Murmuသည် ဇူလိုင်လ ၂၅ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ယခုနှစ် အသက်(၆၄)နှစ်အရွယ်ရှိသော Murmuသည် Odishaပြည်နယ် Mayurbhanj ခရိုင် ရှေးကျပြီး ကြီးမားသောလူမျိုးစုတစ်စုတွင် မွေးဖွားခဲ့သူ ဖြစ်ကြောင်း၊ ၎င်းသည် ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ နောက်ပိုင်းတွင် အမျိုးသမီး နိုင်ငံရေး သမားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့ကြောင်း၊ ၎င်းသည် လူမျိုးစု အသိုက်အ၀န်း အတွက် မမျှတသောဥပဒေကို ဖျက်ပစ်ရန် အမြဲတမ်း တွန်းအားပေးနေကြောင်း၊ ၎င်း၏ သားနှစ်ယောက်နှင့် ခင်ပွန်းတို့သည် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။