ရုရှားနှင့် ရေရှည် စစ်ပွဲမဖြစ်အောင် ဆောင်းရာသီမတိုင်မီ စစ်ပွဲကို အနိုင် ရရမည်ဟု ယူကရိန်းသမ္မတ လက်ထောက် ဆို

(GMT+08:00)2022-07-21 13:23:45  

ယူကရိန်းသမ္မတ Volodymyr Zelensky ၏အဆင့်မြင့် လက်ထောက် Andriy Yermakက ရုရှားနှင့် ရေရှည် စစ်ပွဲမဖြစ်အောင် ဆောင်းရာသီ မတိုင်မီ စစ်ပွဲကို အနိုင် ရရမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်နေ့က ပြောကြားသည်။

အနောက်နိုင်ငံများသည် ယူကရိန်းနိုင်ငံအား လက်နက်များ ပိုမိုထောက်ပံ့သင့်သည် ဟူသော ယူကရိန်းအစိုးရ၏ သဘောထားကို Andriy Yermakက ထပ်လောင်း ပြောကြားခဲ့သည်။

မျက်မှောက်အချိန်တွင် ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကတိပြုချက်များအပေါ် မျှော်လင့်ချက်များ ရှိကြောင်း၊ ယင်းကတိပြုချက်အရ ဒေါ်လာပေါင်း ဘီလီယံနှင့်ချီသော လက်နက်နှင့် စီးပွားရေးထောက်ပံ့မှုကို ယူကရိန်းနိုင်ငံအား ပေးအပ်မည်ဖြစ်ကြောင်း Andriy Yermakက ပြောကြားသည်။