ဆီးရီးယားတွင် တူရကီစစ်တပ်မှ ပြုလုပ်နိုင်ဖွယ်ရာရှိသည့် စစ်ရေး ဆောင်ရွက်မှုအပေါ် စိုးရိမ်ကြောင်း အီရန်က ဖော်ပြ

(GMT+08:00)2022-07-21 13:20:34  

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘူဒူလာဟီယန်က ဆီးရီးယားပိုင်နက်တွင် တူရကီ၏ စစ်ရေးအရ လုပ်ဆောင်နိုင်မှုအပေါ် အီရန်က စိုးရိမ်ကြောင်း ယခုလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

အီရန်၊ ရုရှားနှင့် တူရကီခေါင်းဆောင်များသည် ၁၉ ရက်နေ့ညက ဆီးရီးယားအရေးနှင့် ပတ်သက်၍ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဆီးရီးယားနိုင်ငံအား စစ်ပွဲနှင့် စစ်ရေးပဋိပက္ခများမှ လွတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကာ ဆီးရီးယားနိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်စေရန် ကြိုးပမ်းနေကြောင်းသိရသည်။

ဆီးရီးယားမြောက်ပိုင်းတွင် စစ်ရေးဆောင်ရွက်မှု ပြုလုပ်ပြီး တူရကီ-ဆီးရီးယားနယ်စပ်တစ်လျှောက် ၃၀ကီလိုမီတာ ရှည်လျားသော လုံခြုံရေးဇုန်တစ်ခု ဖန်တီးရန် စီစဉ်ထားကြောင်း မကြာသေးမီက တူရကီက ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်။ ဆီးရီးယားက ယင်းကိစ္စကို ကန့်ကွက်ခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလျက် ရှိသည်။