အမေရိကန်သည် ယူကရိန်းအား HIMARS ဘဇူကာဒုံးလောင်ချာစနစ်ကို နောက်ထပ် ၄စုံ ပံ့ပိုးပေးမည်

(GMT+08:00)2022-07-21 13:20:11  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၀ ရက်နေ့တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Austinက အမေရိကန်သည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအား စစ်ရေးထောက်ပံ့မှုဆိုင်ရာ အစီအစဉ်အသစ်ကို ကြေညာမည်ဖြစ်ပြီး ၄င်းအနက် HIMARS  ဘဇူကာဒုံးလောင်ချာစနစ် ၄စုံ ပါဝင်ကြောင်း အွန်လိုင်း ကျင်းပသည့် Ramstein Model နေတိုးနိုင်ငံများ ယူကရိန်းအား စစ်ရေးထောက်ပံ့မှုဆိုင်ရာ စတုတ္ထအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံသို့ အမေရိကန်မှ ပံ့ပိုးပေးသော HIMARS ဘဇူကာဒုံးလောင်ချာစနစ်၏ စုစုပေါင်းအရေအတွက်သည် ၁၆စုံအထိ ရှိလာမည်ဖြစ်ပြီး ယခုအကြိမ် ကူညီထောက်ပံ့ရေးအစီအစဉ်တွင် ဘဇူကာဒုံးလောင်ချာ များစွာအတွက် ခဲယမ်းမီးကျောက်များလည်း ပါဝင်မည် ဖြစ်သည်။