ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက် စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့

(GMT+08:00)2022-07-21 13:16:31  

ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေး ရုံး၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်က ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တရုတ် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားရေးသည် ခြေလှမ်းမှန်မှန်ဖြင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

      ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တရုတ်နိုင်ငံ၏ နွေစပါးထုတ်လုပ်မှုပမာဏမှာ ကီလိုဂရမ် ၁၄၇.၄ဘီလီယံ ရှိပြီး သမိုင်းစံချိန်သစ် တင်ခဲ့ပါသည်။ အစောပိုင်း စပါးနှင့် ဆောင်းဦးစပါး သီးထွက်ကောင်းရန် အခြေခံ ကောင်းမွန်ပါသည်။ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေး ရလဒ် ဆက်လက်ခိုင်မာလာခဲ့ပါသည်။ ထို့အပြင် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ရင်းနှီးမြှုပ်နှံမှု ခြေလှမ်းမှန်မှန်ဖြင့် တိုးများလာခဲ့ပြီး ကျေးလက်ဒေသ စားသုံးမှုဈေးကွက်လည်း တဖြည်းဖြည်း နာလန်ပြန်ထူလာခဲ့ပါသည်။