အင်ဒိုသမ္မတ ဂျိုကိုသည် တရုတ်ပြည်သို့ လာရောက်ခရီးလှည့်လည်မည်

(GMT+08:00)2022-07-21 16:14:30  

    တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်ပြည်သို့ လာရောက်ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်ယဉ်က ယနေ့ ၂၁ ရက်နေ့က ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။