နယူးဇီလန်သည် မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်းကျမှု အပါအဝင် ရာသီဥတုဒဏ်များကို ဆက်လက်ခံနေရ

(GMT+08:00)2022-07-21 13:19:27  

    ဒေသစံတော်ချိန် ဇူလိုင်လ ၂၀ ရက်နေ့ ညမှ ၂၁ရက်နေ့အထိ နယူးဇီလန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်းကျမှု အပါအဝင် ရာသီဥတုဒဏ်များ ဆက်လက် ဖြစ်ပွားခဲ့ရာ ရေကြီးရေလျှံမှုများနှင့် တောင်မြေပြိုကျမှုများကြောင့် နယူးဇီလန်၏ မြောက်ဘက်ကျွန်း နှင့် တောင်ဘက်ကျွန်းရှိ အဓိကလမ်းများကို ပိတ်ဆို့ထားပြီဖြစ်ပါသည်။