နေတိုးအဖွဲ့၏ လျှို့ဝှက်ချက် ပါရှိသော ကွန်ပျူတာ ခိုးယူသူကို ဖမ်းဆီးရမိ

(GMT+08:00)2022-07-21 13:15:34  

နေတိုးအဖွဲ့က ပါရီမြို့ရှိ ပြင်သစ် ကြည်း၊ရေ၊လေတပ် အဆောက်အအုံတွင် ကာကွယ်ရေး အစည်းအဝေးကို ကျင်းပစဉ် အတောအတွင်း အမျိုးသား တစ်ယောက်သည် နေတိုးအဖွဲ့၏ လျှို့ဝှက်ချက် ပါရှိသောကွန်ပျူတာ တစ်လုံးကို အလွယ်တကူ ခိုးယူခဲ့ကြောင်း ပြင်သစ် Le Parisienသတင်းစာမှ ယခုလ ၁၉ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ခိုးယူသူကို ဖမ်းဆီးခဲ့ပြီ ဖြစ်သော်လည်း ၄င်းအဖြစ်အပျက်ကြောင့် နေတိုးအဖွဲ့သည် စိုးရိမ်မကင်း ဖြစ်စေခဲ့သည်။ ၄င်းခိုးယူမှုသည် ပြင်သစ် ကြည်း၊ရေ၊လေတပ် အဆောက်အအုံတွင် နေတိုးအဖွဲ့၏ အရေးကြီး နိုင်ငံတကာ ကာကွယ်ရေး အစည်းအဝေး ကျင်းပစဉ်အတွင်း ဖြစ်ပွားခြင်းကြောင့် ဆိုးရွားသော သတိလစ်ဟင်းမှု အမှားအယွင်းနှင့် သတင်းဆိုးတစ်ခု ဖြစ်သည်ဟု အများက ယူဆကြသည်။ ယခု ၄င်းကွန်ပျူတာကို ရှာမတွေ့ရှသေးကြောင်း သိရသည်။