RCEPအာဏာတည်သည့် ဒေသများတွင် ကုန်ပစ္စည်း ရာခိုင်နှုန်း ၉၀ကျော်သည် အကောက်ခွန် သုညကို တဖြည်းဖြည်း အကောင်အထည်ဖော်ဆောင်မည်

(GMT+08:00)2022-07-21 13:15:10  

    ယခုလ ၂၀ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပခဲ့သော “၂၀၂၂ခုနှစ် တရုတ် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲ”ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဈေးကွက်လည်ပတ်ရေးနှင့် စားသုံးမှု တိုးမြှင့်ရေး ဦးစီးဌာန ညွှန်ချုပ် ရွှီရှင့်ဖုန်းက ၂၀၂၁ခုနှစ်တွင် စားသုံးကုန်ပစ္စည်း တင်သွင်းမှု စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၁၇၃၀ရှိပြီး အခွန်၏အထွေထွေ အဆင့်အတန်းသည် တစ်ဆင့်တိုး ကျဆင်းလာခဲ့ကြောင်း၊ RCEPအာဏာတည်ပြီးနောက် သက်ဆိုင်ရာ ဒေသများတွင် ကုန်ပစ္စည်း ရာခိုင်နှုန်း၉၀ကျော်သည် အကောက်ခွန် သုညကို တဖြည်းဖြည်း အကောင်အထည်ဖော်ဆောင်မည် ဖြစ်ကြောင်း ပြောကြားသည်။