လမ်းဘေးပြဇာတ်ပွဲတော်ကို ပရာ့ဂ်မြို့တွင် ကျင်းပ

(GMT+08:00)2022-07-21 13:24:33  

၁၄ ကြိမ်မြောက် ပရာ့ဂ် လမ်းဘေးပြဇာတ်ပွဲတော်ကို ဒေသစံတော်ချိန် ယခုလ ၁၉ ရက်နေ့က ချက်နိုင်ငံ ပရာ့ဂ်မြို့တော်တွင် ကျင်းပပြီးစီးခဲ့သည်။ ပြဇာတ်ပွဲတော်ကို တစ်ပတ်ကြာ ကျင်းပပြီး၊ ချက်၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယားနှင့် ပြင်သစ် စသည့် နိုင်ငံများမှ အနုပညာရှင်များသည် ပရာ့ဂ်လမ်းဘေးနားတွင် မတူခြားနားသော အနုပညာပုံစံဖြင့် ပရိသတ်များအား ပြသမှု ၄၀ကျော်ကို ပြသခဲ့ကြသည်ဟု China Media Group မှသတင်းအရသိရသည်။