Wickremesinghe သည် သီရိလင်္ကာသမ္မတအဖြစ် တာဝန်ထမ်းဆောင်

(GMT+08:00)2022-07-21 10:42:17  

ဇူလိုင်လ ၂၀ ရက်နေ့က သီရိလင်္ကာလွှတ်တော်သည် ထိုနေ့တွင် ကျင်းပသော သမ္မတရွေးကောက်ပွဲ၏ မဲပေးပွဲ၌ ယာယီသမ္မတ Wickremesingheသည် မဲတစ်ဝက်ကျော် ရရှိပြီး သီရိလင်္ကာသမ္မတအဖြစ် ရွေးချယ်ခံရကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်း အရ သိရပါသည်။

သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် Wickremesinghe က မိန့်ခွန်း ပြောကြားခဲ့ရာ၊ ဘက်အသီးသီးတို့အနေနှင့် မိမိနှင့် အတူပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော် ရင်ဆိုင်နေ ရသော အခက်အခဲများကို အတူရင်ဆိုင်ဖြေရှင်းကြရန် ပန်ကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။