ကန်၏ နှစ်ပတ်လည် လူကုန်ကူးမှုအစီရင်ခံစာကို တုံ့ပြန်ရာတွင် ကန်သည် ကမ္ဘာပေါ်တွင် လူကုန်ကူးမှုနိုင်ငံကြီး နံပါတ်-၁ ဖြစ်သည်ဟု တရုတ် ဆို

(GMT+08:00)2022-07-21 10:42:44  

အမေရိကန်သည် အဖြစ်မှန်ကို တစ်နှစ်ပြီးတစ်နှစ် လျစ်လျူရှုပြီး လူကုန်ကူးမှု ပြဿနာအပေါ် မဟုတ်မမှန်သော “အစီရင်ခံစာ”ကို ပြုလုပ်ကာ ကမ္ဘာသူကမ္ဘာသားများကို လှည့်စားကြောင်း၊ တကယ်တော့ အမေရိကန်သည် ကမ္ဘာပေါ်တွင် လူကုန်ကူးမှု နိုင်ငံကြီး နံပါတ်-၁ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ၂၀ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ဇူလိုင်လ ၁၉ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် နှစ်ပတ်လည် လူကုန်ကူးမှုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံကို  အခြေအနေ ဆိုးရွားသည့် တတိယအဆင့် နိုင်ငံနှင့်ဒေသအဖြစ် အမည်စာရင်းထဲတွင် ဆက်လက် ထည့်သွင်းဖော်ပြကြောင်း၊ ရှင်းကျန်း၌ “အလုပ်လုပ်ခိုင်းခြင်း”စသော ပြဿနာများနှင့်ပတ်သက်၍ တရုတ်ပြည်အား ပုတ်ခတ်ပြောဆိုပြီး သရုပ်ပျက်အောင် လုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။