NASA သည် သြဂုတ်လကုန်ပိုင်းကို အစောဆုံးထားပြီး ဧရာမ လကမ္ဘာစူးစမ်းလေ့လာရေး ဒုံးပျံကို စမ်းသပ်လွှတ်တင်မည်

(GMT+08:00)2022-07-21 13:23:24  

သြဂုတ် လကုန်ပိုင်းကို အစောဆုံးထားပြီး ဧရာမ လကမ္ဘာစူးစမ်းလေ့လာရေးဒုံးပျံကို စမ်းသပ် လွှတ်တင်မည် ဖြစ်ကြောင်း၊ ယင်း လကမ္ဘာစူးစမ်းလေ့လာရေး အစီအစဉ်သစ်ကို "Artemis"ဟု အမည်ပေးထားကြောင်း ဒေသစံတော်ချိန် ဇူလိုင်လ ၂၀ ရက်နေ့က အမေရိကန် NASAသည် ကြေညာသည်။

NASA က သြဂုတ်လ ၂၉ ရက်နေ့ကို အစောဆုံးထားပြီး လူပုံမော်ဒယ် ၃ ခုဖြင့် ၁ လကျော်ကြာ ဒုံးပျံကို စမ်းသပ်လွှတ်တင်ပြီး အာကာသယာဉ်မှူးများ ပါဝင်မည် မဟုတ်ကြောင်း၊ နောက်ထပ် ဒုံးပျံလွှတ်တင်နိုင်မည့် အခါအခွင့် ၂ခုမှာ စက်တင်ဘာလ လဆန်းပိုင်းတွင် ရှိကြောင်း ပြောကြားသည်။