၇၆ကြိမ်မြောက် ပြင်သစ် Avignon ပြဇာတ်ပွဲတော် ကျင်းပ

(GMT+08:00)2022-07-21 13:24:10  

၇၆ကြိမ်မြောက် Avignon ပြဇာတ်ပွဲတော်ကို ဇူလိုင်၁၂ရက်မှ ၂၆ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ ပွဲတော်နေ့များအတွင်း မြိုတစ်မြို့လုံးသည် ပြဇာတ်လောကအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ Avignon ပြဇာတ်ပွဲတော်ကို ၁၉၄၇ ခုနှစ်က စတင်တည်ထောင်ပြီး၊ ကြွယ်ဝ ကွဲပြားသော ဇာတ်ဝင်ခန်းများနှင့် အဆင့်မြင့် တင်ဆက်မှုများကြောင့် ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး ပြဇာတ်အနုပညာပွဲတော်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။