တရုတ် ဆရာတော်ကြီး Jianzhen၏ ကြေးရုပ်ဖွင့်ပွဲ အခမ်းအနား တိုကျိုတွင် ကျင်းပ

(GMT+08:00)2022-07-20 15:48:35  

ယခုလ ၂၀ရက်နေ့က တရုတ် ဆရာတော်ကြီး Jianzhen၏ ကြေးရုပ် ဖွင့်လှစ်ပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုတွင် ကျင်းပသည်။ ယင်းကြေးရုပ်သည် နာမည်ကျော်ကြားသည့် ပန်းပုဆရာ၊ တရုတ် ပန်းချီပြတိုက် တာဝန်ခံ ဝူဝေစန်း၏ လက်ရာ ဖြစ်သည်။

ဂျပန် နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ခုန်ရွှမ်ယို့နှင့် Tokyo Metropolis အုပ်ချုပ်ရေးမှူးYuriko Koike စသည့် နှစ်နိုင်ငံ ပုဂ္ဂိုလ်များသည် ၄င်းကြေးရုပ်ကို အတူ ဖွင့်လှစ်ပေးကြသည်။

အမှာစကားပြောကြားရာတွင် သံအမတ်ကြီး ခုန်ရွှမ်ယို့က ဆရာတော်ကြီး Jianzhenသည် တရုတ်-ဂျပန် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး သမိုင်းကြောင်းတွင် ရှေ့ပြေးပုဂ္ဂိုလ် ဖြစ်သလို တရုတ်-ဂျပန် အကြား ကြာရှည်သော ချစ်ကြည်ရေး ကူးလူးဖလှယ်မှု သမိုင်း၏အမှတ်လက္ခဏာလည်း ဖြစ်ကြောင်း၊ တရုတ်-ဂျပန် သံတမန် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာသည့် နှစ်၅၀ပြည့် အခါသမယတွင် Jianzhen၏ ကြေးရုပ် ဖွင့်လှစ်ခြင်းသည် အရေးကြီးသည့် အနက်အဓိပ္ပါယ် ရှိကြောင်း ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀၀ကျော်တုန်းက တရုတ် ထန်မင်းဆက်ခေတ် ဆရာတော်ကြီး Jianzhenသည် အပင်ပန်းခံပြီး အခက်အခဲများကို ကျော်လွှားကာ ပင်လယ် ခရီးစဉ်ကို ၆ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။ ၅ကြိမ်တိုင်တိုင် ရှုံးနိမ့်ပြီး နောက်ဆုံးအကြိမ်တွင် အေဒီ ၇၅၃ခုနှစ်၌ ဂျပန်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ၄င်းသည် တရုတ်ထန်မင်းဆက်ခေတ်၏ ယဉ်ကျေးမှုကို ဂျပန်သို့ ဆောင်ကြဉ်းသွားခဲ့သည့် အပြင်၊ ဂျပန်၏ ဆေးပညာ၊ အဆောက်အအုံတည်ဆောက်ရေးနှင့် အနုပညာ စသည့် နယ်ပယ်များမှ ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသည့် အကျိုးပြုမှုကိုစွမ်းဆောင်ကာ တရုတ်-ဂျပန် ပြည်သူများ အကြား ချစ်ကြည်မှုကိုလည်း တိုးပွားစေခဲ့သည်။