တရုတ်ပြည်၏ စက်မှုလုပ်ငန်း စီးပွားရေး တည်ငြိမ်စွာ ပြန်လည် တိုးတက်ရန် အရှိန် ပြောင်းလဲမည် မဟုတ်

(GMT+08:00)2022-07-20 15:39:16  

ယခုနှစ် ပထမ နှစ်ဝက်တွင် တရုတ်ပြည် အတိုင်းအတာ အသင့်အတင့်ရှိသော စက်မှုလုပ်ငန်းများ တန်ဖိုး တိုးတက်မှုပမာဏသည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းက ထက် ၃့ ၎ ရာခိုင်နှုန်း တိုးတက်လာပါသည်။ တရုတ် စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၊ အထွေထွေ အင်ဂျင်နီယာချုပ် ထျန်ယုလုံက ယခုနှစ် ပထမ နှစ်ဝက်တွင် တရုတ်ပြည်၏ စက်မှုလုပ်ငန်း စီးပွားရေးသည် အားကောင်းသော ခိုင်ခံ့မှုနှင့် ရှင်သန်မှုများကို ပေါ်လွင်လာပြီး စက်မှုလုပ်ငန်း စီးပွားရေး တည်ငြိမ်စွာ ပြန်လည် တိုးတက်ရန် အရှိန် ပြောင်းလဲမည် မဟုတ်ကြောင်း နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

စာရင်းအရ ယခုနှစ် ပထမနှစ်ဝက်တွင် ထွန်းသစ်စ စက်မှုကုန်ထုတ်လုပ်မှုများသည် စီးပွားရေး ဖွဲ့စည်းပုံ ပြောင်းလဲရေး၊ အဆင့်မြှင့်တင်ရေးဆိုင်ရာ အရေးကြီး မောင်းနှင်အားအသစ် ဖြစ်လာကာ ယင်းတို့အနက် စွမ်းအင်သစ်သုံး မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းသည် လူအများ အာရုံစူးစိုက်ရာ လုပ်ငန်းတစ်ခု အပါအဝင် ဖြစ်လာပြီဟု China Media Groupမှ သတင်းအရ သိရပါသည်။