အီရန်၊ ရုရှားနှင့် တူရကီ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2022-07-20 15:47:34  

အီရန်သမ္မတ လိုင်ဆီ၊ ရုရှားသမ္မတ ပူတင်နှင့် တူရကီသမ္မတ အာဒိုဂန်တို့သည် ယမန်နေ့ ၁၉ ရက်နေ့ ညက တီဟီရန်မြို့တော်၌ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အာစတာနာ ဖြစ်စဉ် မူဘောင်အတွင်း ဆီးရီးယားပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးကိစ္စကို အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု ဆင်ဟွာသတင်း အရ သိရပါသည်။

 တွေ့ဆုံဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် ဆီးရီးယားအကျပ်အတည်း ငြိမ်းချမ်းတည်ငြိမ်စွာနှင့် ရေရှည် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အာစတာနာ ဖြစ်စဉ်၏ ဦးဆောင်မှု အခန်းကဏ္ဍကို အလေးထား အတည်ပြုကြောင်း၊ ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှု၊ လွတ်လပ်မှု၊ နယ်မြေတည်တံ့ပြည့်စုံမှု အပေါ်နှင့် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ ရည်မှန်းချက်နှင့် အခြေခံမူများ အပေါ် ပြတ်သားသော ကတိပြုချက်များကို ထပ်မံဖော်ပြခဲ့ပါသည်။