တရုတ်နိုင်ငံသည် အရည်အချင်းမြင့်မားသော တံခါးဖွင့်ရေးကို ဦးလည်မသုန် ဇောက်ချ ဆောင်ရွက်မည်ဟု လီခေ့ချန် ဆို

(GMT+08:00)2022-07-20 15:38:48  

    တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က ယခုလ ၁၉ ရက်နေ့တွင် ကမ္ဘာ့စီးပွားရေးဖိုရမ် နိုင်ငံတကာ လုပ်ငန်းရှင်များ အထူး ဗီဒီယို ဆွေးနွေးပွဲသို့ တက်ရောက် ရာ၌ တရုတ်စီးပွားရေးသည် ကမ္ဘာကြီးတွင် နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ထားပြီ ဖြစ်ပြီး တံခါးဖွင့်ရေးသည် တရုတ်နိုင်ငံ၏ အခြေခံ နိုင်ငံတော်မူဝါဒ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အရည်အချင်းမြင့်မားသော တံခါးဖွင့်ရေးကို ဦးလည်မသုန် ဇောက်ချ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

လီခေ့ချန်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာကြီးနှင့် ခွဲမရသလို ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း တရုတ်နိုင်ငံအား လိုအပ်ပါကြောင်း၊ တရုတ် ဈေးကွက်သည် ကမ္ဘာ့ဈေးကွက်လည်း ဖြစ်ကြောင်း၊ မိမိတို့သည် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဘက်စုံ ဆက်တိုက် တံခါးဖွင့်ပေးမည် ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကို ဗဟိုအဖြစ်ထားသော ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ပူးတွဲ ထိန်းသိမ်း ကာကွယ်၍ လွတ်လပ်စွာကုန်သွယ်ရေးနှင့် တရားမျှတစွာ ကုန်သွယ်ရေးကို တွန်းအား ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။