သြစတြေးလျအနေဖြင့် အခွင့်ကောင်းယူပြီး တရုတ်ပြည်အပေါ် ပြန်လည် မှန်ကန်စွာနားလည်ရန် တရုတ် မျှော်လင့်

(GMT+08:00)2022-07-20 15:42:47  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယခုလ ၁၉ ရက်နေ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်-သြစတြေးလျ ဆက်ဆံမှုဆိုင်ရာ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ပြောဆိုခဲ့ရာ တရုတ်ပြည်ဘက်သည် သြစတြေးလျဘက်၏ မှတ်ချက်များတွင် အပြုသဘောဆောင်သောအချက်ကို သတိထားမိကြောင်း၊ သြစတြေးလျဘက်အနေဖြင့် အခွင့်ကောင်းကို ဆုပ်ကိုင်ပြီး တရုတ်ပြည်အပေါ် ပြန်လည် မှန်ကန်စွာ နားလည်ရန် တရုတ်ပြည်ဘက်က မျှော်လင့်ကြောင်းပြောကြားသည်။

        သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက သြစတြေးလျ-တရုတ် ဆက်ဆံမှု တည်ငြိမ်လာခြင်းသည် နှစ်နိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ နှစ်ဖက်စလုံး ဆန္ဒရှိလျှင် ရှေ့သို့ လျှောက်လှမ်းရန် ရှိမည် ဖြစ်ကြောင်း၊ သြစတြေးလျဘက်သည် နက်ရှိုင်းစွာ စဉ်းစားပြီး သံတမန်ရေး အသွင်ပုံစံဖြင့် တရုတ်ပြည်ဘက်နှင့် ဆက်ဆံမည်ဖြစ်ကြောင်း ပြောကြားသည်။