အမေရိကန်ဘက်အား ထိုင်ဝမ်သီးခြားတည်ရှိရေးကို မထောက်ခံ ဟူသော ၎င်း၏ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်း

(GMT+08:00)2022-07-20 15:47:09  

မကြာခင်က ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုအစီအစဉ်ကို အမေရိကန်က ထုတ်ပြန်ခြင်းနှင့် ထိုင်ဝမ်သို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ထိုင်ဝမ်အား လက်နက်ရောင်းချမှုနှင့် စစ်ရေးအရ ဆက်ဆံမှုကို ချက်ချင်းရပ်တန့်ရန်၊ အမေရိကန်-ထိုင်ဝမ် အစိုးရချင်း ကူးလူးဆက်ဆံမှုကို ရပ်တန့်ရန်၊ ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ ပြုလုပ်နေခြင်းကို ရပ်တန့်ရန်နှင့် ထိုင်ဝမ်သီးခြားတည်ရှိရေးကို မထောက်ခံ ဟူသော အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ရန် အမေရိကန်အား တိုက်တွန်းကြောင်း  ၁၉ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါသည်။