လီခေ့ချန် သည် Klaus Schwab နှင့် တွေ့ဆုံ

(GMT+08:00)2022-07-20 15:39:56  

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဇူလိုင်လ ၁၉ရက်နေ့ညက ပြည်သူ့ခန်းမဆောင်ကြီးတွင် ဗီဒီယိုပုံစံဖြင့် ကမ္ဘာ့စီးပွားရေးဖိုရမ်ဥက္ကဋ္ဌKlaus Schwab နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ် လီခေ့ချန်က တရုတ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေး ဖိုရမ်အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် အနှစ်၄၀ကျော်အတွင်း တရုတ်နိုင်ငံသည် တံခါးဖွင့်ရေးနှင့် ပြုပြင်ပြောင်းလဲရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ လက်ရှိ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးမှာ မရေရာ၊ မတည်ငြိမ်သော အကြောင်းရပ်များစွာနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယုံကြည်စိတ်ကို ခိုင်မာစေပြီး ငြိမ်းချမ်းတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းကာ ဆက်သွယ်ရေးကို အားသစ်လောင်း ပေး၍ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန် လိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အာရုံစိုက်ခြင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အားသစ်လောင်းပေးခြင်းကို ချီးကျူးကြောင်း၊ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးမှာ ကမ္ဘာ့အား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်တိုးတက်စေရန် တက်ကြွသောအချက်ပြသင်္ကေတကို ပြသနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားသို့ တံခါးဖွင့်ရေးမူဝါဒကို တစိုက်မတ်မတ် စွဲကိုင်ထားမည် ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့နှင့် ဆွေးနွေးပွဲကို ကျင်းပပြီး ဆက်သွယ်မှုကို အားသစ် လောင်းပေးကာ အပြန်အလှန်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန် ကောင်းမွန်သော အခြေအနေကို ဖန်တီးပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ဥက္ကဋ္ဌ Klaus Schwabက လွန်ခဲ့သည့်အနှစ်၄၀ကျော်အတွင်း ကမ္ဘာ့စီးပွားရေးဖိုရမ် အနေဖြင့် တရုတ်နိုင်ငံနှင့် ကောင်းမွန်သော မိတ်ဖက်ဆက်ဆံမှုကို ထားရှိခဲ့ကြောင်း၊ လက်ရှိ တစ်ကမ္ဘာလုံးတွင် အကျပ်အတည်းနှင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်အနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး တစ်ကမ္ဘာလုံး ဆွေးနွေးမှုကို တွန်းအားပေးကာ စက်မှုကုန်သွယ်ရေးလောက၏ အခန်းကဏ္ဍမှ အပြည့်အဝ ပါဝင်စွမ်းဆောင်လိုကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားသစ်လောင်းပေးပြီး ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရေး၊ လုပ်ငန်း အသွင်ပြောင်းမြှင့်တင်ရေးနှင့် လူ့အဖွဲ့အစည်း တရားမျှတရေးအတွက် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ပြောကြားခဲ့ပါသည်။