ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို ဘယ်သူက ဖြစ်စေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှင်းရှင်းလင်းလင်းသိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆို

(GMT+08:00)2022-07-20 15:41:29  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်အနေနှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းတွင် ၎င်း၏ ရှက်ဖွယ်ကောင်းသော အခန်းကဏ္ဍကို လေးနက်စွာ ပြန်လည်သုံးသပ်ပြီး၊ တရုတ်ပြည်အား အကြောင်းမဲ့သက်သက် သရုပ်ဖျက်ခြင်း မပြုလုပ်ရန် မျှော်လင့်ပါကြောင်း ယခုလ ၁၉ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

သက်ဆိုင်ရာမေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ရာ၌ ကျောက်လိကျန်းက ကုလသမဂ္ဂ အသင်းဝင်ခကို ဒုတိယ အများဆုံး ပေးအပ်သည့် နိုင်ငံ နှင့် တာဝန်ရှိနိုင်ငံကြီးအနေနှင့် တရုတ်ပြည်သည် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အစဉ်တစိုက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။