တရုတ်နိုင်ငံ ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးခရိုင်ဖြစ်သည့် ရွှမ်ဟူခရိုင်ရှိ မွေးမြူရေး သမားများ နေရာပြောင်းရွှေ့

(GMT+08:00)2022-07-20 15:46:20  

ဇူလိုင်လ ၁၉ရက်နေ့က ရှီဇန့်(တိဘက်)ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၌ တရုတ်နိုင်ငံ ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးခရိုင်ဖြစ်သည့် ရွှမ်ဟူခရိုင်ရှိ ဒုတိယအသုတ် မွေးမြူရေး သမားများ နေရာပြောင်းရွှေ့မှုကို စတင်ဆောင်ရွက်ခဲ့ပါသည်။ မွေးမြူရေးသမားများသည် ခရီးသည်တင်ကားဖြင့် နာ့ချွီမြို့ ရွှမ်းဟူခရိုင် ဒိုမာမြို့နယ်မှ ထွက်ခွါပြီး စန်းနန်းမြို့ ကုန့်ကားခရိုင် စိန်းဘုရစ် အခြေစိုက်နေရာသို့ သွားရောက်ခဲ့ကြပါသည်။

စိန်းဘုရစ် အခြေစိုက်နေရာသည် ယာလူဇန့်ဘုမြစ် မြောက်ဖက်ကမ်းတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ(၃၆၀၀)ခန့်၌ ရှိကြောင်း၊ လေဆိပ်၊ ရထားလမ်း၊ မြန်နှုန်းမြင့် ကားလမ်းနှင့် နီးစပ်ပြီး ပတ်ဝန်းကျင်ကောင်းမွန်ကာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ၍ ပထဝီအနေအထားအားသာချက် ထင်ရှားကြောင်း၊ ယင်းအခြေစိုက်နေရာ ထဲမှာ ဆေးရုံ၊ ကျောင်း၊ ဈေး စသည်တို့ စုံလင်ကြောင်း၊ ရွှမ်ဟူ မွေးမြူရေးသမားများ၏ ဘဝသစ်ကို ဤနေရာ၌ တဖြည်းဖြည်း စတင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။