အမေရိကန်မှ ရှင်းကျန်းကို သရုပ်ဖျက်ခြင်း ထမြောက်အောင်မြင်မည် မဟုတ်

(GMT+08:00)2022-07-20 15:38:18  

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မကြာခင်က လွှတ်တော်ထံသို့ “Elie Wiesel လူမျိုးတုံး သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေး ဥပဒေ”၂၀၂၂ခုနှစ် အစီရင်ခံစာ ဆိုသည်ကို တင်သွင်းပြီး “လူမျိုးတုံး သတ်ဖြတ်ခြင်း”နှင့် “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း”ဟူသော အမည်ဆိုးကို တရုတ်ပြည် ရှင်းကျန်း အပေါ် ထပ်မံ တပ်ခဲ့သည်။

၎င်းအစီရင်ခံစာသည် ရှင်းကျန်းကိစ္စနှင့် ပတ်သက်ပြီး အမေရိကန်မှ ကောလာဟလဖြန့်ဝေခြင်းနှင့် သရုပ်ဖျက်ခြင်း အပါအဝင် သုံးနေကျ ပရိယာယ်များဖြင့် လူ့အခွင့်အရေးကို လက်နက် အဖြစ် အသုံးပြုပြီး ရှင်းကျန်းကို ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွင်းဆက်မှ ခွဲခွါစေကာ ရှင်းကျန်းတွင် မတည်မငြိမ်ဖြစ်မှုကို ဖန်တီး၍ တရုတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဟန့်တားရန် ကြံစည်ခြင်းပင် ဖြစ်သည်။

အမှန်တကယ်တော့ အမေရိကန်သည် မည်သည့် အစီရင်ခံစာ၊ မဟာဗျူဟာနှင့် ဥပဒေကိုမဆို ထုတ်ပြန်ကျင့်သုံးသည်ဖြစ်စေ၊ တရုတ်ပြည် ရှင်းကျန်းကို သရုပ်မဖျက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာ အသိုင်းအဝိုင်းသည် လုံခြုံသော၊ ချမ်းသာကြွယ်ဝသော၊ တံခါးဖွင့်ထားသော လမ်းကြောင်း ပေါ်တွင် ဖွံ့ဖြိုးတိုးတက်နေသော ရှင်းကျန်းကို တွေ့မြင်နိုင်ပြီး ရှင်းကျန်းသည် “လူမျိုးတုံး သတ်ဖြတ်ခြင်း”နှင့် “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း”ဟူသော စွပ်စွဲချက်များနှင့် လုံးဝ မပတ်သက်သောကြောင့် ဖြစ်သည်။

လက်ရှိအချိန်သည် ရှင်းကျန်း၏ နွေရာသီ ခရီးသွားရာသီ ဖြစ်နေသည်။ မကြာခင်က ကျင်းပပြီးစီးခဲ့သော Corban ပွဲတော် အတောအတွင်း ရှင်းကျန်းသို့ ခရီးလှည့်လည်သော ခရီးသည် စုစုပေါင်း ဦးရေမှာ ၈သန်း၈သိန်း၅သောင်းခန့် ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၉့၈၄ ရာခိုင်နှုန်း တိုးလာသည်။ ယင်းသည် ရှင်းကျန်း၏ ဆက်တိုက်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေခြင်း အတွက် အားကောင်းသော သက်သေပြမှု တစ်ခု ဖြစ်သည်။

သက်ဆိုင်ရာ စာရင်းအရ ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ရှင်းကျန်း၏ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၁၃၉့၈ဘီလီယံ ရှိရာမှ ၁၅၆့၉ ဘီလီယံ အထိ တိုးလာပြီး နိုင်ငံနှင့် ဒေသ ၁၇၀ ကျော်သည် ရှင်းကျန်း၏ ကုန်သွယ်ဖက်များ ဖြစ်ကြကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ ရှင်းကျန်း၏ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၆၇့၄၁ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၃၀့၉ရာခိုင်နှုန်း တိုးလာကာ ရှင်းကျန်း၏ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် အဆက်မပြတ် တိုးပွားလာကြောင်း သိရသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အလုပ်အကိုင် နေရာ ချထားရေးကို တိုက်ရိုက် တွန်းအားပေး နေသည်။ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ ရှင်းကျန်း၏ မြို့ပြ အလုပ်အကိုင် နေရာ ၂သိန်း၆သောင်း၃ထောင် တိုးလာသည်။ လက်ရှိ ကမ္ဘာ့ စီးပွားရေး ကျဆင်းနေသည့် အခြေအနေမျိုးတွင် ယင်းအောင်မြင်မှု ရရှိခြင်းသည် ရှင်းကျန်း စီးပွားရေး၏ ရေရှည်ခိုင်မာမှုကို ပြဆိုနေသည်။

အမေရိကန်မှ လူအချို့သည် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုသည်ဖြစ်စေ၊ ရှင်းကျန်းနှင့် ကမ္ဘာအကြားရှိ ဆက်စပ်မှုကို မဖြတ်တောက်နိုင်သလို သက်ဆိုင်ရာ အဖြစ်မှန်ကို နိုင်ငံတကာ အသိုင်းအဝိုင်း သိရှိနားလည်ရန် မတားဆီးနိုင်ပေ။